မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရအတွက် လာရောက်လှူဒါန်းသူမရှိသည့် နေ့များတွင် စေတနာ့ဝန်ထမ်း ( Volunteer) များမှ ချက်ပြုတ်စီစဉ်ပေး

ရန်ကုန် ဒီဇင်ဘာ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရအတွက် အလှူရှင် များမှ လာရောက်လှူဒါန်းလျက်ရှိပြီး အလှူရှင်မရှိသည့် နေ့များတွင် Quarantine Centre ရှိ စေတနာ့ ဝန်ထမ်းများကိုယ်တိုင် ချက်ပြုတ်စီမံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Quarantine Centre တွင် လက်ရှိအချိန်၌ အသွားအလာကန့်သတ်ထားသူ (၅၁)ဦးရှိပြီး ၎င်းတို့ ၏ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် မြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စေတနာ့ ဝန်ထမ်းများက လုပ်အားပေးဆောင်ရွက်လျက်ရှိသည်။ အသွားအလာကန့်သတ် ထားသူများအတွက် နေ့စဉ်အာဟာရကို ()ကြိမ် စီစဉ်ဆောင်ရွက်ပေးနေပြီး အလှူရှင်များ လာရောက် လှူဒါန်းမှုမရှိသည့် နေ့များတွင်လည်း သန့်ရှင်းမှု အပြည့်ဖြင့် စားသုံးနိုင်စေရေး၊ ကျန်းမာရေးနှင့်ကိုက် ညီသည့် အာဟာရမျှတစွာ စားသုံးနိုင်ရေးတို့ကို အလေးထား၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ ကြီးကြပ်မှုဖြင့် စေတနာ့ဝန်ထမ်းများက အလှူရှင်များ လှူဒါန်း ထားသည့် စားသောက်ကုန်များဖြင့် ချက်ပြုတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် မိမိတို့ မြို့နယ်အတွက်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တိုက်ဖျက်ရေးအတွက် Quarantine Centre တွင် လိုအပ်နေသော လှူဒါန်း မှုများကို ပြည်သူများအနေဖြင့် လှူဒါန်းနိုင်ကြောင်းလည်း Centre ၏ တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ (ပြန် /ဆက်)