ရန်ကုန် ဇူလိုင် ၂
ဂျပန်နွေရာသီပွဲတော်နှင့် ဂျပန်ပညာရေး အကြောင်းကိုလေ့လာသိရှိခွင့်ရရှိမည့် ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲကို ဩဂုတ်၂ ရက် နံနက်၁၀နာရီတွင်ရန်ကုန်မြို့ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ M-Tower (၁၈ လွှာ) ၌ ကျင်းပသည်။
အခမ်းအနားတွင်The Japan Foundation Yangon မှMr.Hirotaka Mafsuo ကအဖွင့်အမှာစကား ပြောကြာပြီး Myanmar Association of Japan Alu-mni (MAJA)ကအထွေထွေအတွင်းရေးမှူး ဦးသန့်စင်နိုင်ကအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါပညာရေးပြပွဲကို ဩဂုတ်၂ ရက်နှင့် ၃ ရက်တို့တွင် နံနက်၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်ယဉ်ကျေးမှုနှင့်ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့များကို လေ့လာထိတွေ့နိုင်မည့်အစီ အစဉ်များကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း။ ဂျပန်နိုင်ငံ၏နွေရာသီပွဲတော် များတွင်ဆော့ကစား လေ့ရှိသော ဂိမ်းအစီအစဉ်များ၊ ခန်းဂျိဘင်ဂိုဂိမ်း အစီအစဉ်၊ကာရာတေးနှင့် ကန်ဒိုသရုပ်ပြခြင်း အစီအစဉ်၊မဲနှိုက်ခြင်း အစီအစဉ်နှင့် Yukataကို ကိုယ်တိုင်ခံစားဝတ်ဆင်နိုင်မည့် အစီအစဉ်များကို ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း။ ဒုတိယပွဲနေ့၏ပွဲချိန်နောက်ဆုံး တွင်လာရောက် ကြသူများနှင့် အတူဂျပန်နိုင်ငံ၏နွေရာသီ အကတစ်ခုဖြစ်သည့်ဘွန်း အကကိုအားလုံးအတူတူ ကကြမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်ပညာရေးကိုလေ့လာလို သူလူငယ်များအတွက် ဂျပန်နိုင်ငံရှိဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊အသက် မွေးဝမ်းကျောင်း ကောလိပ်များ နှင့်ဂျပန်ဘာသာစကားသင်တန်း ကျောင်းများမှတာဝန်ခံဆရာ ဆရာမများကလာ ရောက်ရှင်းလင်းပြောကြား ပေးမည်ဖြစ်ရာမိမိတို့တက် ရောက်လိုသောကျောင်းများကို တိုက်ရိုက်မေးမြန်း ဆွေးနွေးနိုင်ပြီး ဂျပန် - မြန်မာစကားပြန်များကိုထား ရှိကာပါဝင်တက်ရောက် ပြသသည့် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ပေးခြင်း၊ ပညာတော်သင်ဆိုင်ရာ သိကောင်း စရာများအကြောင်းဆွေးနွေး တိုင်ပင်နိုင်ခြင်း၊ ပညာသင်ထောက်ပံကြေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ အချိန်ပိုင်း အလုပ်နှင့်နေထိုင်ရေး၊ ပညာတော်သင်ဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်ကိုThe Japan Foundation Yangon, Myanmar Association of Japan Alu-mni (MAJA) တို့က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည် ။
အောင်မြင့်(ပြန်/ဆက်)