မင်္ဂလာဒုံ ဩဂုတ် ၃
‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ‘ ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် အမတနံပါတ် ၃ ခေါက်ချိုးကတ်ကိုင်ဆောင်ထားသော အသက် (၁၆)နှစ်နှင့်အသက်(၁၈)နှစ်ကြားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှုးရုံးမှ ရပ်ကွက်တိုက်နယ်မှူးများသည် ကြံခင်းစုရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ဒုစံပြရပ်ကွက်၊ တောတိုက်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်စသည့် ရပ်ကွက်(၇)ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း