ဒဂုံ(မြောက်) ဩဂုတ် ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လ ၂ ရက်နေ့၊ နံနက် ၉ နာရီချိန်က အမှတ်(၃၂) ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လဝကဦးစီးမှူးဦးမြင့်ဇော်က ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသုံးဝင်ပုံများအားရှင်းလင်းပြောကြားကာ ပြည်သူများ၏လက်ဝယ်သို့ အိမ်ထောင်စုလူဦးရေစာရင်း(၁၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၄)ကတ်ကိုပေးအပ်ခဲ့ပြီး အဆိုပါ(၃၄)ဦးအား Unique ID(UID)ထုတ်ပေးခြင်းအားတစ်ဆက်တည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ