သာကေတ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့်၊ အာဟာရအုပ်စု(၃)စု ချက် ပြုတ်နည်းပြိုင်ပွဲကို ၁/ထူပါရုံရပ်ကွက်၊ အထက(၁)အခြေခံပညာအထက်ကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Drစုစုလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အ.ထ.ကကျောင်း(၆)ကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ပြိုင်ပွဲဝင်ကျောင်သား/သူများ စုစုပေါင်းအင်အား(၈၅)ဦးခန့်တက်ရောက်ခဲ့ပြီး အစီအစဉ်အရပြိုင်ပွဲအား(၁၁း၀၀)နာရီအချိန်တွင်စတင်ခဲ့ပြီးပြင်ဆင်ချိန်(၁၅)မိနစ်နှင့် ချက်ပြုတ်ချိန်(၄၅)မိနစ် စုစုပေါင်း(၁)နာရီခန့်နှင့် ပြိုင်ပွဲပြီးစီးခဲ့ကာ အကဲဖြတ်ဒိုင်များအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်သောဒိုင်အဖွဲ့ဝင်(၆)ဦးတို့မှ ပြိုင်ပွဲဝင်ထားသည့်ဟင်းလျာများအား စိစစ်အကဲဖြတ်၍ အမှတ်ပေးခဲ့ကြပြီး အထက(၁)ကျောင်းမှ ပထမဆု၊ အထက(၆)ကျောင်းမှ ဒုတိယဆု၊ အထက(၅)ကျောင်းမှ တတိယဆုများ အသီးသီးရရှိခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အဖွဲ့(၆)ဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးညွန့်ဝေ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်တို့မှဂုဏ်ပြုဆုချီးမြှင့်ငွေများထောက်ပံ့ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ အ ခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သာကေတ(ပြန်/ဆက်)