အသက်(၆၀)နှစ်နှင့် အထက် Quarantine Center ဝင်ရောက်ခဲ့သူများအား လူမှုဝန်ထမ်းအစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်

ဒဂုံမြောက် ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် Quarantine Center ဝင်ရောက်ခဲ့သူ အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးလူနာများအား လူမှု ဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၃၈)ရပ်ကွက်တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ အသက်(၆၀)နှစ်နှင့်အထက် Quarantine Center ဝင်ရောက်ခဲ့သူ သက်ကြီးလူနာများအား ထောက်ပံ့ငွေပေးအပ်ရာ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အနေဖြင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးလူနာ(၉၃)ဦးအား ငွေကျပ် ၂၇၉၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)