စမ်းချောင်း ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ၀န်ထမ်းများက အငြိမ်းစားနိုင်ငံ့၀န်ထမ်းများ ပင်စင်ထုတ်ယူရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် UID ကတ်များဆောင်ရွက်ပေးလျက်ရှိရာ သက်ကြီးဘိုးဘွားများနှင့် သွားလာရခက်ခဲသူတွေအတွက် UID ကောက်ယူခြင်းကို အိမ်တိုင်ယာရောက် သွားရောက်ဆောင်ရွက်ခဲ့ကြပြီး အဖိုး၊ အဖွား (၁၇)ဦး ကောက်ယူပြီးစီးခဲ့ကြောင်းသိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)