ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးအရောင်းဆိုင်များအား စစ်ဆေး

ထန်ပါခွေ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဈေးအရောင်းဆိုင် များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်‌ ဈေးရောင်း၊ ဝယ်သူများ Mask တပ်ဆင်ကာ ‌အရောင်းအဝယ်ပြုလုပ်မှုရှိ၊ မရှိ၊ ဆိုင်အဝင်ဝတွင် လက်ဆေးစင်ထားရှိမှုရှိ၊ မရှိ၊ ပိုက်ဆံ သိမ်းဆည်းသည့် ပုံးများအား ပိုးသတ်ဆေး ဖြန်းဆောင်ရွက်ထားရှိ၊ မရှိနှင့် ဈေးဝယ်သူများ ဆိုင်ခန်းအတွင်း မဝင်ရောက်စေရန် ကြိုးတားသတ်မှတ် ဆောင်ရွက်ထားရှိမှုရှိ၊ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးရာသို့ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးပိုင်စိုးကြူးနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲမြင့်၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)