စမ်းချောင်းမြို့နယ်တွင် သတ္တမအကြိမ်မြောက် ဟင်းသီးဟင်းရွက်၊ သား၊ ငါး အခြေခံစားသောက်ကုန် များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက် လိုက်လံရောင်းချ

စမ်းချောင်း ဒီဇင်ဘာ ၁၈

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအနေဖြင့် အခြေခံ စားသောက် ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ဈေးများ သို့ သွားရောက်ဝယ်ယူ ခြင်း မပြုရသည့်အတွက်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှု ကာကွယ် နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ​ရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်တို့ ကြီးမှူး၍ သတ္တမအကြိမ်မြောက်အဖြစ် ယ​နေ့ နံနက် (၇)နာရီမှ (၁၀)နာရီထိ စမ်းချောင်းမြို့နယ်အတွင်းရှိ စမ်းချောင်း(တောင်) ရပ်ကွက်၊ စမ်းချောင်းလမ်းအတွင်းသို့ Mobile market‌ ဈေးကားများဖြင့် လှည့်လည်​ရောင်းချ​​ပေးခဲ့​ကြောင်း သိရ သည်။

ထိုသို့​​ ဈေးကားများဖြင့် ရပ်ကွက်များအတွင်း လာရောက်ရောင်းချနေမှုအား မြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိပုဂ္ဂိုလ် များက စည်းကမ်းချက်များနှင့်အညီ ရောင်းချ၊ ဝယ်ယူနေမှုအား ကြည့်ရှုခဲ့ကြသည်။ ယခုကဲ့သို့ ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖို​ချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေး​ရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျ ဆက်လက်ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)