မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ ဆောမြို့၌ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင် စနစ်ဖြင့်ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး စစ်ဆေး

 ဆော ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

အဆိုပါစစ်ဆေးရာတွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက် ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တား ဆီးရေး ဆိုင်ရာ စံသတ် မှတ်ချက်များနှင့်ကိုက်ညီပြီး လိုက်နာဆောင်ရွက်မှုရှိသည့် ဆိုင်များကိုသာ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှု ဆောင်အရာရှိ ဦးမြင့်နိုင် ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးများကပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)