စစ်ကိုင်းမြို့နယ်အတွင်း ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်းမလိုက်နာသူ သုံးရက် အတွင်း (၁၆၂) ဦးအား ငွေဒဏ်ဆောင်စေခဲ့

စစ်ကိုင်း ဒီဇင်ဘာ ၁၈

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာမှုများအား ပညာပေး ကာလကျော်လွန်လာပြီဖြစ်၍ ဒီဇင်ဘာ (၁၅) ရက်နေ့မှ စကာ အထူးကြပ်မတ် စိစစ်လျက်ရှိရာ ယမန်နေ့က စည်းကမ်း မလိုက်နာသူ (၂၈) ဦးအား စိစစ်ရေး အဖွဲ့များမှ ငွေဒဏ်ဖြင့်အပြစ်ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်း စည်းကမ်းမလိုက်နာ၍ အပြစ်ပေးခံရသူ(ပထမ)နေ့တွင်(၇၆)ဦး၊ ဒုတိယနေ့တွင် (၅၈) ဦးနှင့် တတိယနေ့တွင် (၂၈) ဦးတို့ ဖြစ်ကာ စတင်စိစစ်သည့် ဒီဇင်ဘာ (၁၅) ရက်နေ့မှ ဒီဇင်ဘာ (၁၇) ရက်နေ့ ညနေအထိ စုစုပေါင်း (၁၆၂) ဦးအား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့်  ငွေဒဏ်ဖြင့်သာ အပြစ် ပေးခဲ့ကြပြီး ယနေ့အထိ တည်ဆဲ ဥပဒေအရ အရေးယူခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း အဆိုပါ စိစစ်ရေးအဖွဲ့များထံမှ သိရသည်။

မျိုးဝင်း(ပြန်/ဆက်)