အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်သို့ အလှူရှင်များက အလှူငွေများနှင့် တာဝန်ထမ်းဆောင် နေသော ကျန်းမာရေးဝန်ထမ်းများ အဆာပြေစားသုံးနိုင်ရန်အတွက် ပစ္စည်းများ လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အလှူငွေများနှင့်တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အဆာပြေ စားသုံးနိုင်ရန်အတွက် ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ် များ တွင် အသုံးပြုနိုင်စေရန် မမီမီခိုင်နှင့်မအေးကေသီဝင်း မိသားစုမှ အလှူငွေ ကျပ်(၅)သိန်း၊ ဒေါ်စိုးစိုးဦးမှ အလှူငွေကျပ်(၁)သိန်း၊ဦးရဲလင်းဝင်းအေး+ဒေါက်တာ ခိုင်မာဦး မိသားစုမှ အလှူငွေ ကျပ်(၅)သောင်းနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများ အဆာပြေ စားသုံးနိုင်ရန်အတွက် ဦးရဲလင်းနိုင်+ဒေါက်တာ ယုယုသင်း မိသားစုမှ Phillips Toaster (၁)ခု၊ Coffee Maker(၁)ခု၊ ပေါင်မုန့်(၁)ထုပ်၊Mother Choice(၁)ဘူး၊ Strawberry Jam(၁) ဘူး၊ Knee Kimchi Noodle အထုပ် (၃၀)တို့ကို လှူဒါန်းရာ အင်းစိန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့်ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)