တောင်တွင်းကြီး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြု လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့နံနက်က မောင်းတိုင် (၁) ရပ်ကွက်၊ အပိုင်း(၃)နေ အသက် ( ၄၆) နှစ်ရှိ အမျိုးသား(၁)ဦးသည် အနံ့မရှိကြောင်း သတင်းပေးပို့လာသဖြင့် ကိုဗစ် အမြန်စစ် RTD Test Kit ဖြင့်စစ်ဆေးရာ Covid - 19 ရောဂါပိုး (Positive) တွေ့ရှိခဲ့သည်။
ဆက်လက်၍ အဆိုပါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်ခဲ့သူ တို့အား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးရာ အသက် (၇၀) နှစ်ရှိ အမျိုးသား (၁)ဦး၊ အသက်(၇၀)နှစ်ရှိ အမျိုးသမီး(၁)ဦးနှင့် တစ်အိမ်တည်းနေ အသက် ( ၃၉) နှစ်ရှိ အမျိုးသား တစ်ဦးတို့တွင် Covid - 19 ရောဂါပိုး (Positive) ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေ အထိ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ (၁၅၉) ဦးရှိပြီဖြစ်ပြီး ဒေသတွင်းကူးစက်သူ ဓါတ်ခွဲအတည်ပြုလူနာများ အချိန်တိုကာလ အတွင်း များပြားလာခြင်းကြောင့် ရောဂါကူးစက် ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ် နိုင်ရန်အတွက် (၁၅-၁၂-၂၀၂၀)ရက်နေ့ (၀၀:၀၁) နာရီအချိန်မှ (၂၁-၁၂-၂၀၂၀)ရက်နေ့ (၂၄:၀၀)နာရီအထိ မိမိနေအိမ်တွင် Stay at home နေထိုင်ရန် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အမိန့်ကြေညာ စာအမှတ် (၃/၂၀၂၀)ဖြင့် ထပ်မံ ထုတ်ပြန် ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)