သံဖြူဇရပ် ဒီဇင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန် ယနေ့နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား လိုက်လံ စစ်ဆေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးလင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး မှ တာဝန်ရှိ သူများနှင့် မြို့နယ် ပြန်/ဆက် ဦးစီးမှူးတို့က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဆီသိုလှောင်ကန်များထားရှိမှု အခြေအနေ၊ ယာဉ်များအား ဆီဖြည့်စဉ် လိုက်နာရမည့် အချက်များအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ရှင်းလင်းအသိပေး ပြောကြား ကြောင်း သိရသည်။
အေးအေးသီ