ပင်လည်ဘူး ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Face shield နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်နိုင်နှင့် ဝန်ထမ်းများ၊မြို့နယ်စည်ပင် သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ Face shield (၃၀၀) ခုနှင့် နှာခေါင်းစည်း Mask (၇၀၀) ခုတို့အား ဈေးရောင်း၊ ဈေးဝယ်များကို အခမဲ့ဖြန့်ဝေပေးကြပြီး ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရန်အတွက် ဈေးသည်၊ ဈေးဝယ် များအား နှာခေါင်းစည်း Mask တပ်ဆင်၍ ဈေးဝယ်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရန်အတွက် ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို စနစ်တကျ သိရှိလိုက်နာ ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာ ပြောကြား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)