ပြည် ဩဂုတ် ၄
ပြည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပြည်တောင်တန်းတောရ "မရှိခဏဆရာတော် ဦးကုဝေရ ဦးစီးကျင်းပသော "မရှိခဏ ဆေးဖောင်ဒေးရှင်း" ၏ ဆေးအလှူတော်ပွဲကြီးကို ပြည်မြို့ဘုရင့်နောင်လမ်းရှိ မရှိခဏကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ဆေးလှူဒါန်းပွဲတွင် ပြည်မြို့ရှိ ပြည်တောင်တန်းတောရကျောင်းများ၌ သီတင်းသုံးနေထိုင်လျက် ရှိသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ စုစုပေါင်း(၁၂၀)ပါးအား တစ်ပါးလျှင်ငွေကျပ် သုံးသောင်းတန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရပြီး ပြည်တောင်တန်းတောရကျောင်များမှ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ အား ကျန်းမာစွာ သာသနာ့အကျိုး သယ်ပိုးထမ်းရွက်နိုင်ရန်ရည်ရွယ်၍ ယင်းသို့ ဆေးလှူဒါန်းခြင်းကို ၂၀၁၂ခုနှစ်မှ စတင်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် (၉)ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း မရှိခဏကျောင်းတိုက်ဆရာတော် ဦးကုဝေရ က မိန့်ကြားသည်။
မင်းမင်းစိုး-ပြန်/ဆက်