သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအား ကွင်းဆင်းတိုင်းတာစစ်ဆေး

သုံးခွ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက သုံးခွမြို့နယ် ကျေးလက်‌ ဒေသဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြာင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စပါယ်ချောင် ကျေးရွာတွင် အများပြည်သူအသုံးပြုလျက်ရှိသော သောက်သုံးရေ ကန်အား သန့်ရှင်းသာယာလှပစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ရေကန်ပတ်လည် အရှည်ပေ(၈၀၀)အား (၅)ပေအမြင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ရေကန်တွင် မိုးရေသို လှောင်ရရှိမှု၊ နေ့စဉ် ရေသုံးစွဲမှုအခြေအနေ၊ နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲမရှိစေရေး ကျေးရွာ ရပ်မိရပ်ဖ များ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်