ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ မြို့နယ်ကြက်ခြေနီမှ ရှေးဦးပြုစု ခြင်းဖြင့် အချိန်မီအသက်ကယ်တင်

ဒဂုံမြောက် ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် (၃၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တောင်မှမြောက်သို့ မောင်းလာသော 1Q-5306 Hijet စာပို့ယာဉ်သည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ဦးကြင်ဥလမ်းထောင့်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိရာမှ ယာဉ်ပေါ်ပါ သူနှစ်ဉီးတွင် တစ်ဉီးမှာစိုးရိမ်ရပြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသန်းအောင်မိုး ဦးဆောင်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၂)ဦးနှင့်အတူ အချိန်မီ သွားရောက် ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူ (စိုးရိမ်ရ) တစ်ဦးအား လိုအပ်သည့် ရှေးဦးပြုစုခြင်း အကူအညီများဖြင့် ပြုစုပေးပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)