သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၉၀)ဦးအား RDT test kit ဖြင့် စစ်ဆေး

သဲကုန်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၉၀) ဦး၏ Swab နမူနာများအား အကြိမ်(၃၀)မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၆၉)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ(၉)ဦး၊ ရခိုင်မှပြန်လာသူ(၃)ဦး၊ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူ (၇)ဦး၊ အနံ့မရသူ(၁)ဦး၊ FQ ကျူးကျော်သူ(၁)ဦး၊ စုစုပေါင်း(၉၀)ဦးတို့အား RDT test kit ဖြင့် စစ်ဆေးကာ ရလဒ်များကို စစ်ဆေးသည့် ညနေပိုင်းတွင် အမြန်ဆုံးထုတ်ပြန်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်​ပြီး Positive ထွက်ရှိသည့် လူနာများအား ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်းနှင့် Negative ထွက်ရှိသော သူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RTPCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)