ရန်ကင်းမြို့နယ် We Love Yangon (Yankin) ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကင်း   ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ယမန်နေ့ နေ့လယ် က We Love Yangon (Yankin ) လူထုအခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ရန်ကင်းမြို့နယ်(၁၁)ရပ်ကွက်၊ စိုက်ပျိုးရေးပဒေသာလမ်းရှိ အခြေခံလူတန်းစား  အိမ်ထောင်စု (၄၀)စု ၊ ()ရပ်ကွက် စိန်ပန်းမြိုင်လမ်းမှ အခြေခံလူတန်းစားအိမ်ထောင်စု(၁၅)စု နှင့် ()ရပ်ကွက်အတွင်းရှိ သန့်ရှင်းရေးဝန်ထမ်းအိမ်ထောင်စု(၄၅)စု တို့ အား တစ်အိမ်ထောင်လျှင် ဆန်()ပြည်၊ ဆီ(၅၀သား)၊ ငါးသေတ္တာ(၁၀)ဘူး၊ ခေါက်ဆွဲခြောက်(၃၀)ထုတ် တို့အား We Love Yangon (Yankin) လူထုအခြေပြု ပရဟိတအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါအဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့် ကြည့် နေရာများ သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ လှူဒါန်းခြင်း စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ခင်လေး(ပြန်/ဆက်)