တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းနှင့် ယာဉ်များစစ်ဆေးခြင်းများဆောင်ရွက်

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ယာဉ်များစစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့စစ်ဆေးရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် သံသုမာလမ်းမကြီးပေါ်ရှိ Max ဆီဆိုင် ရှေ့၌ သွားလာနေသောယာဉ်များအား စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း မတပ်ဆင်ဘဲ မောင်းနှင်ခြင်းနှင့် စီးနင်းလိုက်ပါသူများအား နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းထက်ထက်အောင် (ပြန်/ဆက်)