ရန်ကုန်-ပုသိမ်ကားလမ်းကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ် နှစ်ခုတွင်ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်နေ

ထန်းတပင် ဒီဇင်ဘာလ  ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ မိုင်တိုင်အမှတ်(/) နှင့် မိုင်တိုင်အမှတ်(၁၄/)ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်နှစ်ခုတို့တွင် ကုန်စည်းစီးဆင်းမှုများ အတွက် ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့်စစ်ဆေးဆောင်ရွက်ခြင်းများကို တာဝန်ရှိသူများကနေစဉ် ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၅၉၀၆)ဦးတို့ကို Rapid Antigen Diagnostic Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ (၂၁၆)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ထံမှသိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်း ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်နှစ်ခုတို့တွင် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ် နောက်လိုက်များအား ရောဂါပိုးရှိ/မရှိ  Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်း များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပုဂ္ဂလိကဆရာဝန်များအသင်း(SML)အဖွဲ့မှတာဝန်ရှိ သူများပူးပေါင်းကာစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ပြီးစစ်ဆေးဆောင်ရွက်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီးသို့ဝင်ရောက်လာကြမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအားအစုကြီးကျေးရွာအုပ်စု၊ မိုင်တိုင် အမှတ် (/) ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ဧရာဝတီတိုင်းဒေသကြီး သို့ထွက်ခွာကြမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို မရွှေဥကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ် (၁၄/)ကိုဗစ်-၁၉ကျန်းမာရေး စစ်ဆေးဂိတ်တွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိစစ်ဆေး မှုများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှစ်ခုကို ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုများမရှိစေရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး မိုင်တိုင်အမှတ်(/) ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်ကိုအောက်တိုဘာလ(၁၁) ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကာ ဒီဇင်ဘာလ(၁၇)ရက်နေ့အထိဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ် (၃၃၈၇)စီးတို့ရှိ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၅၇၈၉)ဦးတို့ကိုစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ (၇၃)ဦးနှင့် မိုင်တိုင် အမှတ်(၁၄/) ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်ကို အောက်တိုဘာလ(၁၇)ရက် နေ့တွင်ဖွင့် လှစ်ခဲ့ပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ ဖြတ်သန်းသွားလျက်ရှိသည့် ကုန်တင်ယာဉ်(၅၅၆၄) စီးတို့ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၀၁၁၇)ဦးတို့တွင် ရောဂါပိုး ရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ရာ (၁၄၃)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထို့အပြင်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများ ကိုလည်းသက်ဆိုင် ရာကုသရေးစင် တာများသို့လည်း တာဝန်ရှိသူများနှင့် ပရဟိအဖွဲ့များပူးပေါင်းကာပို့ဆောင်လျက်သလို ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို သတ်မှတ်ပုံစံများ အတိုင်း ကိုဗစ်-၁၉ဓာတ်ခွဲနမူနာကျန်းမာရေးထောက်ခံချက်များ ထုတ်ပေးကာ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မရှိစေရေးကုန်တင်ယာဉ်များကိုဖြတ်သန်းသွားလာခွင့်ပြုပေးလျက်ရှိကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)