သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့မ‌ ဈေးအတွင်းလိုက်လံစစ်ဆေး 

သုံးခွ ဒီဇင်ဘာ ၁၈            

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ဈေး အကျိုးတော် ဆောင်များပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ယခုအချိန်ကာလသည် ပူပြင်းခြောက်သွေ့သောနွေရာသီကိုရောက်ရှိ လာပြီဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မြို့မဈေးအတွင်းရှိဈေး သူဈေးသားများ‌ ရောင်းချသောကုန်ပစ္စည်းများ မီးဘေး အန္တရာယ်မှကင်းဝေးစေရေးနှင့် မီးဘေးန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်ဦး‌ ဆောင်သော တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ဈေးအကျိုးတော်ဆောင်များပူးပေါင်း၍ မြို့မဈေး အတွင်း ဈေးဆိုင်များအားလုံ မီးသတ်ဆေးဘူးထားရှိစေရန်နှင့် မီးငြိမ်းသတ်ရာတွင် အထောက်အကူပြု ပစ္စည်းများဖြစ်သည့်မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများထားရှိစေရေး လိုက်လံစစ်ဆေး၍ အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြုပုံများကို ဈေးသူဈေးသားများအားလက်တွေ့ သရုပ်ပြသ ခဲ့ကြောင်းသိရသည်။

စည်သူလင်း