လှိုင် ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄)ရပ် ကွက်ဘုရင့်နောင်လမ်းနှင့်ဘူတာရုံလမ်း၊ အမှတ် (၁၅)ရပ်ကွက်ဘုရင့်နောင်လမ်းနှင့်ပါရမီ မီးပွိုင့်အနီး၊ အုတ်ကျင်းဘူတာရုံလမ်းကားမှတ်တိုင်ရှေ့၊ ဘုရင့်နောင်လမ်းမကြီး တို့ရှိလမ်းများတွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဌေးနှင့်အဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိ သူများနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ၍ ယမန်နေ့ည(၉) နာရီက ယာဉ်ကြော ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယာဉ်စစ်ဆေးရာတွင်မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉ကာလ အတွင်းအများပြည် သူများစိတ်အေး ချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ် စည်းစိမ်များကာကွယ် စောင့်ရှောက် နိုင်ရေးတို့အတွက် လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတစ်လျှောက်ဖြတ်သန်း သွားလာသောယာဉ်များ အား ရပ်တန့်စေပြီးယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်း လုံခြုံရေးတို့အတွက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။ ယင်းသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆ ဖြစ်ပွားမှုများနှင့် အခြားမလိုလားအပ်သည့်အန္တရာယ်များ မဖြစ်ပေါ်စေရန် စုပေါင်း ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ် ကြောင်းသိရှိရပါသည်။
ကြည်ဇေသော် ( ပြန်/ဆက်)