ဘီးလင်း ဒီဇင်ဘာ ၁၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇွဲကလာကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ ကွင်းအမှတ် ( ၂၆၄ )၌ကျင်းပ ပြုလုပ်ခဲ့သည်။
"အခုလို ကောက်စိုက်စက်နဲ့ စိုက်ပျိုးရတဲ့အတွက် လုပ်အားခ သက်သာပြီး မျိုးစေ့ကုန် ကျမှု ကိုလည်း နည်းပါးစေတယ်၊ ပင်ပွားနှုန်း ကောင်းပြီးတော့ စပါးအထွက်နှုန်းလည်း ကောင်း တယ်၊ ကောက်စိုက် စက်နဲ့ စိုက်ပျိူးတဲ့စပါးခင်းကိုရိတ် သိမ်းခြွေလှေစက် နဲ့ရိတ်တဲ့ အခါမှာအလွယ်တကူ ရိတ်သိမ်းနိုင်တယ်၊ အဓိက တော့အလုပ်သမား ရှားပါးတဲ့ အခက်အခဲကို လည်း ဖြေရှင်းနိုင်တာမို့ ကောက်စိုက်စက်နဲ့ စိုက်ပျိုးတဲ့ နေရာမှာ ကျွန်တော် တို့တောင်သူတွေအတွက် များစွာအကျိုးရှိပါတယ်လို့" တောင်သူ ဦးဝင်းဦး က ပြောသည်။
ဘီးလင်းမြို့နယ်တွင် နွေစပါး စိုက်ပျိုးရန် လျာထားဧက ၄၀၀၀ ကျော်ရှိပြီး စက်မှုလယ်ယာ ဦးစီးဌာန၏ ကောက်စိုက်စက်ဖြင့် နွေစပါး ဧက ၅၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမျိုးနိုင်ဦး ထံမှသိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ကိုကိုဦး မွန် ပြည်နယ် စက်မှု လယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းခိုင်၊ မြို့နယ် စက်မှု လယ်ယာဦးစီးမှူး နှင့် ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ထူးနောင် (ပြန်ဆက်)