ဒဂုံ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိဘုရားကြီး ရပ်ကွက်အခွန်လွတ်စျေး၌ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကဘုရားကြီး ရပ်ကွက်အခွန်လွတ်ဈေးတွင် ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝနိရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး တာဝန်ရှိသူနှင့်ဝန်ထမ်းများ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း၍လက်ရှိဖြစ်ပွား နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း အနေဖြင့်ပြည်သူများတစ်ဦးမှ တစ်ဦးသို့ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှာ ခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခြင်း အပြင်နှာခေါင်းစည်း Mask နှင့် Face shield တို့အား အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)