မော်လမြိုင် ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထား ရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၄၅)ဦးနှင့်မ(၂၅)ဦး စုစုပေါင်း(၇၀) ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခို မည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေး စခန်းမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်း ခြင်း၊ ၎င်းတို့ တည်းခိုမည့်အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း ၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ COVID-19ရောဂါ ပိုးကူး စက်မှု ရှိ/မရှိ စစ်ဆေးသွား မည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ (၁၄)ရက်ကန့် သတ်စောင့်ကြည့် သွားမည် ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၈၃၅၁)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)