ဝေါ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)အား ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝေါမြို့နယ်အတွင်းရှိ သိုက်တူးကုန်း၊ စက်စုနှင့် အဗျားဝကျေးရွာတို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (VDP) ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း သိန်း(၁၀၀) လုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရန်အတွက် ချပြရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကျေးရွာ ကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး ဝေါမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ SAE ဦးမင်းထက်စံ က စီမံကိန်း အကြောင်း ရှင်းလင်းပြောကြားပြီးနောက် အကြီးတန်း စာရေးဒေါ်မြသီတာဦးကစီမံကိန်း ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုမှာကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)