မင်္ဂလာဒုံ ဒီဇင်ဘာ ၁၈
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော် မတီသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ငွေကျပ်(၇)သိန်းကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြောက်ပိုင်းနေ ဦးအောင်ချမ်းမြေ့က သဒ္ဒါထက်သန်စွာဖြင့် ယနေ့ နံနက်က လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကုသရေးလုပ်ငန်း များတွင် စေတနာထက်သန်စွာဖြင့် ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီ အဖွဲ့ဝင် များ ၊ စေတနာ့ဝန်ထမ်းများ နေ့စဉ်စားသောက်ရန် အာဟာရဒါနအတွက် ရည်ရွယ်ကာ ဦးအောင်ချမ်းမြေ့၏ မွေးနေ့တွင် လာရောက်လှူဒါန်းကြောင်း သိရသည်။ အလှူငွေကိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ဦးနေဆန်း (မြောက်ပိုင်းခရိုင် ကြက်ခြေနီ ဥက္ကဋ္ဌ )က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)