ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ခရိုင် ပြန်ဆက်ဝန်ထမ်းများမှ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ပြည် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြည်ခရိုင် ပြန်ဆက်ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ပြည်မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ သိရှိနားလည်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေငြာ ချက်များနှင့် အဆိုတော်သွန်း၏ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးသီချင်း အသံဖိုင်များကို ဖွင့်ပြပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ အသိပညာပေးနံရံကပ် စာစောင် များကို လှည့်လည်ပြသပေးခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)