စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်မှ ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေး စင်တာတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သူ သူနာပြုဝန်ထမ်း အား ဂုဏ်ပြုကြိုဆို

ဘုတလင်    ဒီဇင်ဘာ  ၁၈

ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေးစင်တာတွင် သွားရောက်တာဝန် ထမ်းဆောင် ခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဝန်ထမ်းအား ယနေ့ မနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြ ကြောင်း မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာဖြိုးကျော်အောင်ထံမှ သိရသည်။

“ဘုတလင်မြို့နယ်ကိုယ်စားပြုအနေနဲ့ Volunteer အဖြစ် နှစ်လခွဲ သွားရောက်တာဝန် ထမ်းဆောင် ခဲ့တဲ့ သူနာပြုဝန်ထမ်း ပြန်လာလို့ သူ့ရဲ့ တာဝန်ကျေပွန်မှုကို မြို့နယ်ကိုယ်စား ဂုဏ်ပြုကြိုဆိုတာပါ။ ရန်ကုန် မြို့ကနေ ပြန်လာတာ ဖြစ်လို့ မုံရွာမြို့မှာ Hotel Quarantine ၁၄ ရက် နေထိုင်ခဲ့ပြီး Swab စစ်တာ ပိုးမတွေ့ ပါဘူး။ Home Quarantine ၇ ရက်လည်း ဆက်လက်နေထိုင်သွားမယ်”ဟု မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် က ပြောသည်။

ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေးစင်တာတွင် ဘုတလင်မြို့နယ်ကိုယ်စားပြု Volunteer အဖြစ် သွားရောက်တာဝန်ထမ်းဆောင်သူ လေးဦးအနက် သုံးဦးမှာ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ် ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)