ကွမ်းခြံကုန်းမြို့နယ်၌ အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ဖြစ်ပေါ်လာစေရန် လူငယ်နှင့် စာ‌ပေအကြောင်းအရာများနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက သွေးလွန်တုပ်ကွေးအကြောင်းအရာများ‌ဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး စသည့်တို့ကို ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များအား ဖတ်ရူလေ့လာခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)