ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ အပတ်စဉ်ပုံမှန်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

ကိုကိုးကျွန်း ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း‌ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲနှင့် သကြားစျေးနှုန်းများအား လူတိုင်းနေ့စဉ်စားသောက်နေသည့် ထမင်း၊ ဟင်းများကို နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များသည် အရေးပါသောကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများတည်ငြိမ်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းများမြှင့်တင်မှုမရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လွယ်ကူစွာစားသောက်နိုင်ရေးတို့ကို စေတနာထားရောင်းချသွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်၊ မြန်မာနိုင်င်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)