တွံတေး ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပိတ်စွယ် ကျေးရွာအုပ်စု၊ ပိတ်စွယ်ကျေးရွာတွင် ပြည်ထောင်စု(မွမ်းမံ) ဘတ်ဂျတ်မှ ရရှိမှုဖြင့် ပိတ်စွယ်ကျေးရွာ ရေကန်ခြံစည်းရိုး ကာရံခြင်းအတွက် ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိတ်စွယ်ကျေးရွာရှိ ရေကန်ခြံစည်ရိုး ပေ ၆၈၀၊ အမြင့် ၅ ပေအား ကာရံခြင်းအတွက် မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် တာဝန်ရှိသူများ ဆောင်ရွက်နေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်ရေကန်ကို ကန်ပတ်ဝန်းကျင်ရှိ အိမ်ခြေ(၅၀)လူဦးရေ ၂၀၀ နီးပါးက အသုံးပြုနေပြီး ပိတ်စွယ်ကျေးရွာတွင် သောက်ရေကန်(၅)လုံးရှိကြောင်း သိရသည်။ ကျေးလက်ဒေသများ ရေကောင်း ရေသန့်သောက်သုံးရေ ရရှိရေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေအောက်ရေ ရရှိရေး အဝီစိတွင်း တူးဖော်ပေးခြင်း၊ ရေကန်တူးပေးခြင်း၊ ခြံစည်းရိုးကာရံပေးခြင်း၊ ရေတုန်ကင်များ တပ်ဆင် ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)