ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ကိုဗစ်-၁၉ ကုသရေးဌာန (ရန်ကုန်-ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူအား ကြိုဆိုဂုဏ်ပြု

တံတား ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)တွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီပြီး တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် တံတားမြို့ ပြည်သူ့ဆေးရုံမှ ‌သူနာပြုဆရာမ ဒေါ်ဇင်မာဝင်းနှင့် မီးပြတိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ ဒေါ်မေသဉ္ဇာလင်း တို့အား ကြိုဆိုဂုဏ်ပြုခြင်းကို ယနေ့ နံနက် ၁၁ နာရီက တံတားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကြိုဆိုဂုဏ်ပြုရာတွင် တံတားမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာကျော့ဦးရွှေနှင့် ဝန်ထမ်းများ၊ တံတားမြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ၊ စခန်းမှူးရဲအုပ်ကျော်စိုးအောင်၊ နယ်မြေမီးသတ်ဦးစီးမှူး ဦးဇင်မင်းထွန်း၊ မေတ္တာသင်္ဂဟလူငယ်ပရဟိတ သွေးလှူရှင်များအဖွဲ့တို့မှ အမှတ်တရ ဂုဏ်ပြုပန်းစည်းများနှင့် ရွှေကြေးစည်လူမှုကူညီရေး ကုသိုလ်ဖြစ်အသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

  တင်နိုင်ဝင်း (ပြန်/ဆက်)