ကလေး၊ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရာဇဂြိဟ်ကျေးရွာတွင် ကိုဗစ်-၁၉ကြောင့် စီးပွား ရေး ထိခိုက်မှု အပေါ်သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါး ဆင်းသုခ(RS-CS)စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးအောင်မြင့်၏ လယ်ကွင်းတွင် ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်း များ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်း တိုင်းတာခြင်း များကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါမိုးစပါးဆင်းသုခစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျင်(၉၂)တင်းထွက်ရှိပြီး ကလေး မြို့ နယ်အတွင်း CERPအစီအစဉ်ဖြင့်စိုက်ပျိုးထားသော ဆင်းသုခမိုးစပါးဆင်း သုခ(၉၀)နှင့် မိုးစပါးဧရာမင်း (၅၁၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနရုံး မှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)