ဗန်းမောက် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပင်လည်ဘူးမြို့နယ်ချင်း ဆက် လမ်းပေါ်ရှိ ပင်ပုံကျေးရွာနှင့် ပင်းခါး ကျေးရွာကြား ချောင်းကြီးချောင်း အဝေရာတံတား နှစ်လွှာတစ်ထပ် ဘေလီ တံတား တည်ဆောက် နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန္နက်တင်အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ရဲတပ်မှူး ရဲမှူးဇော်မျိုးဝင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့် ထွန်းနှင့် မြို့နယ်ဌာဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသော နေရာများ၌ ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တံတားချဉ်ကပ်လမ်းအတွက် မြေနေရာများ လိုက်လံကြည်ရှုစစ်ဆေးပေးခဲ့ကြသည်။
အဆိုပါ ချောင်းကြီးချောင်းမှာ မိုးတွင်းကာလတွင် တောင်ကျရေများကြောင့် ရေကြီးခြင်း ဖြစ်ပေါ် လာပါက မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် အခက်အခဲများစွာ တွေ့ကြုံရပြီး ဆိုင်ကယ်များကူးရန်သာ အဆင်ပြေခဲ့ သဖြင့် တံတားကြီးတည်ဆောက်ပြီးစီးသွာပါက တန်(၃၀) အထိ ခံနိုင်ဝန်အားရှိမည်ဖြစ်ကြောင်း နွေး၊ မိုး၊ ဆောင်ရာသီ မရွေး ဖြတ်သန်းသွားနိုင်မည့်အပြင် အဆိုပါ တံတားပြီးစီးသွားပါက ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့ စေမည့်အပြင် မြို့နယ်ချင်း ဆက်စပ်လျက်ရှိသည့် ပင်လယ်ဘူးမြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။
ဗန်းမောက်-ပင်လည်ဘူးလမ်းပိုင်းပေါ်ရှိ ပင်ပုံကျေးရွာနှင့်ပင်းခါးကျေးရွာကြား ချောင်းကြီးအ ဝေရာတံတားအရှည်ပေ (၂၀၀)၊ အကျယ် (၁၄) ပေ၊ တံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ပြည်ထောင်စု) ရန်ပုံငွေ (၄၇၉ ဒသမ ၀၀၀) သန်းဖြင့် တင်ဒါအောင်မြင်သည့် သမာဓိ ကောင်းသာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)