မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ စီမံကိန်းအတိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

အင်းတော် ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက် လျက်ရှိသော တားဖလာကျေးရွာနှင့် မံထုံကျေးရွာများရှိ စီမံကိန်းအတိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်ခင်ဝါမိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းတော်မြို့နယ်အနေဖြင့် မြိုနယ်အတွင်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို နှစ်အလိုက် ဆောင်ရွက်ခဲ့ ရာ စုစုပေါင်း ကျေးရွာ ၂၆ ရွာတွင် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ဆောင်ရွက်ခဲ့သည်မှာ အချို့ရွှာများအနေဖြင့် ယခုနှစ်တွင် တတိယ စက်ဝန်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ကျေးရွာများ အနေဖြင့် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ စီမံဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာ အတိုးရရန် ပုံငွေများ၏ အသီးအပွင့်များကို ခံစားရရှိနေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအနေဖြင့် စီမံကိန်း ဆက်လက် အောင်မြင် နိုင်ရေး၊ ရေရှည်တည်တံ့နိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ရရှိလာသည့် အတိုးရ ရန်ပုံငွေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ကျေးရွာများပါ မြို့ပြနှင့်မခြား ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စီမံကိန်းအတိုးရ ရန်ပုံငွေများဖြင့် အမှန် တကယ်ပူးပေါင်း ဆောင်ရွက်မှုများကို စစ်ဆေးကြည့်ရှု၍ လိုအပ်သောအကြံဉာဏ်များ၊ အကူအညီ များကို ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်ခင်ဝါမိုးက ပြောပြခဲ့သည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)