တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံ ဆရာ၊ ဆရာမများက အ.မ.က (၉) Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာ ကျား - ၁၉ ဦး၊ မ - ၂၃ ဦး၊ စုစုပေါင်း ၄၂ ဦး အား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ ကျား - ၁ ဦး၌ Positive အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အ.မ.က(၉) Quarantine Center ၌ Positive အဖြေထွက်ရှိခဲ့သော လူနာ ၁ ဦးအား ဧရာဝတီ ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီး ကျား - ၁၈ ဦး၊ မ - ၂၃ဦး၊ စုစုပေါင်း ၄၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ ရှိကြောင်း သိရသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)