ပုဇွန်တောင်မြို့နယ်တွင် ကျန်းမာရေးမကောင်းသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

ပုဇွန်တောင် ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သောဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ Biometric (UID) ကတ်များဆောင်ရွက်ပေးခဲ့ရာ ဩဂုတ် ၄ ရက်အထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၁၀၇ ဦးအား ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် ကျန်းမာရေးမကောင်းသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အိမ်တိုင်ရာရောက် Biometric (UID) ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ပြုလုပ်ပေးရာတွင် ဩဂုတ် ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျန်းမာရေးမကောင်းသော  လေဖြတ်ဝေဒနာခံစား နေရသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များဖြစ်သော အမှတ်(၂)ရပ်ကွက်ရှိ ဦးမောင်စိုးနှင့် အမှတ်(၇) ရပ်ကွက်ရှိ ဒေါ်ထားထားဦးတို့အား အိမ်တိုင်ရာရောက်သွားရောက်၍ Biometric အချက်အလက်များကောက်ယူခဲ့ပြီး UID ကတ်နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်