တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်းအုပ်ဆရာကြီး ဦးဝင်းကိုကိုတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် စာရေးဆရာဝင်းထွဋ်ဦးက ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတွင် ပညာသင်ကြားနေသော ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းမှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မှ ကျောင်းသား၊ ကျောင်းသူ (၁၄၃)ဦးကို "စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း" ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော "သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဘုတ်များ" ပြသထားရာ ဆရာ၊ ဆရာမများ၊ သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး