အင်းစိန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဩဂုတ် ၅ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်က အမှာစကားပြောကြားခဲ့ပြီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က စာဖတ်ရှိန်မြှင့်တင်ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာ ဦးရန်မိုးအောင်က စာပေမြင့်မှလူမျိုးတင့်မည်ခေါင်းစဉ်ဖြင့် စာပေ၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး ဆရာဦးညွှန့်ဟန်(ရုပ်/ရှင်)က စာပေ၏ အကျိုးကျေးများအကြောင်းများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ရိုးရာချစ်စဖွယ်ပုံပြင်များစာအုပ်ကို ဖတ်ကြားစေပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲ စကားပုံဆက်ပြိုင်ပွဲကိုလည်း ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ပြီ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus) ဖြင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကိုလည်း စိတ်ပါဝင်စာစွာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)