ခရမ်း ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမက(ချဉ်ပေါင်ခြံ) မူလွန်ကျောင်းတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမက(ချဉ်ပေါင်ခြံ) မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ကြောင်းနှင့် ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းမဖြစ်ပေါ်မီ သတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ၊ ရေကြီးခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က ရာသီဥတုအလိုက် နေထိုင်စားသောက်ပုံနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများအား အကျယ်တဝင့်ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ကျောင်းသား/ကျောင်းသူများ နေ့စဉ်စားသုံးနေသောအစားအစာများ စားသုံးရာတွင် လိုက်နာရမည့်အချက်များ၊ စားသုံးသူရေးရာအခွင့်အရေးများအား ရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)