တွံတေးမြို့နယ်တွင် သွားလာရခက်ခဲသူ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ကတ်များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

တွံတေး သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ကတ်များအား ကျွန်းတော်ရပ်ကွက်၊ ကျွန်းတော(၅)လမ်းရှိ အသက် ၉၀ အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား (၂) ဦးအား ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးရာတွင် တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လဝကမှူး ဒေါ်အေးအေးခိုင် နှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့‌၀န်ထမ်းများ ပင်စင်ထုတ်ယူရာတွင် ပိုမိုလွယ်ကူ လျင်မြန်စေရန် UID ကတ်များ ဆောင်ရွက်‌ပေးလျက်ရှိရာ သက်ကြီးဘိုးဘွားများနှင့် သွားလာရခက်ခဲသူတွေအတွက် UID ကောက်ယူခြင်းကို အိမ်တိုင်ယာ‌‌ရောက်သွားရောက်၍ အသက် ၉၀ အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား (၂)ဦးရှိသည့် ဦးသောင်းရွှေနေအိမ်သို့ အိမ်တိုင်ရာရောက် Biometric (UID)စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား Smart Card များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး