ဗိုလ်တထောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧပြီလ၊ မေလနှင့် ဇွန်လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧပြီလ၊ မေလနှင့် ဇွန်လအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ ဧရာဝတီရေတပ်စခန်း မူကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များက ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူနှင့် ဝန်ထမ်းစုစုပေါင်း(၆၅၇)ဦးအား ဧပြီလ၊ မေလနှင့် ဇွန်လများအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)