မင်းဘူးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄) ဦး ဆေးရုံဆင်းခွင့်ရရှိ

မင်းဘူး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄) ဦးကို  ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ တင့်ခိုင်က ပြောသည်။

ဆေးရုံဆင်းခွင့်ရသူတွေအားလုံးမှာ ကန်ရေကျေးရွာက အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၈)ဦး တို့ဖြစ်ကြောင်း၊ အဆိုပါ (၁၄)ဦးအား ဒီဇင်ဘာ ၈ ရက်နေ့က  RTD Test Kists ဖြင့် ရယူ စစ်ဆေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ​​ကျန်းမာ​ရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ နေအိမ်မှာ Home Quarantine (၇) ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မင်းဘူးမြို့တွင် ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းအချိန်ထိ အတည်ပြုလူနာ (၁၇၀)ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ (၁၄၉)ဦးနှင့် တက်ရောက်ကုသဆဲလူနာ (၁၉) ဦး ကျန်ရှိကြောင်း၊  အတည်ပြုလူနာ များထဲမှ သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ခရိုင်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)