ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းကျောင်းလမ်းသွယ် (၁) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီး စီးမှုအား ကွင်းဆင်းစစ်ဆေး

ရေစကြို ဒီဇင်ဘာ ၁၈

ရေစကြိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်ရှိ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းကျောင်း လမ်းသွယ် (၁) ကျောက် ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

အဆိုပါ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းကျောင်းလမ်းသွယ် (၁) လမ်းအရှည် ၈၂၀ ပေ၊ အကျယ် အဝန်း ၁၂ ပေ၊ ထုထည် ၁၁ လက်မရှိသော ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးစည်ပင် သာယာ ရေးအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇ဒသမ၉၂ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ဆောင်ရွက် လျက်ရှိရာ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်းသိရသည်။

ယင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ် နိမိတ်ရှိလမ်းများကို ကျောက်ချောလမ်း ခင်းခြင်းသည် ခရီးသွားလာသူ ပြည် သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် ဆောင်ရွက် ခြင်း ဖြစ်ကြောင်းသိရသည်။

နွယ်နွယ်အောင်