လက်ပံတန်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် မည့်ကျေးရွာ (၁၇) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက် ခြင်း၊ ကော်မတီဖွဲ့စည်း ခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျေးရွာအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ယွန်းသွယ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဥတိုအနောက်ကျေးရွာ၊ လွှစင်ကုန်းကျေးရွာ၊ ဆင်ကူးကျေးရွာ၊ အုတ်ဖိုစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ အောင်မြေကုန်းကျေးရွာ၊ ကျုံလဟာကျေးရွာ၊ တာဆုံးကျေးရွာ၊ မြန်မာကံကလေးကျေးရွာ၊ ခမုံတာအနောက်စုကျေးရွာ၊ ရွှေတောင်ကုန်းကျေးရွာ၊ ကုလားကြီးလူတော်စု ကျေးရွာ၊ ညောင်ပင်သာအထက်စုကျေးရွာ၊ ချောင်းဆုံကျေးရွာများသို့ မြို့နယ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်စိုး၊ ဦးစီးအရာရှိ ဒေါ်အေးအေးလှိုင်နှင့် ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျေးရွာများတွင် (VDP) စီမံကိန်းအကြောင်း ရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓာတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေပါ ကျေးလက်ပြည်သူများ၏ ရပိုင်ခွင့်များ၊ တာဝန်များအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး