ပေါက်မြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန် မြေပြင်၊ ထွန်ယက်ခြင်း လုပ်ငန်းများကို ခေတ်မီလယ်ထွန်စက်များနှင့် ဆောင်ရွက်

ပေါက် ဒီဇင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများ ဆောင်းသီးနှံမျိုးစုံ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြေပြင်၊ ထွန်ယက်ခြင်းလုပ်ငန်းများကို ခေတ်မီလယ်ထွန်စက်များနှင့် နေ့ရောညပါ ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထွန်စက်ငှားရမ်းခအနေဖြင့် စက်အကြီးအသေးပေါ် မူတည်၍ တစ်နာရီလျှင် ကျပ်နှစ်သောင်းမှ နှစ်‌ေသာင်းငါး ထောင်ကျပ်အထိ ပေးဆောင်ရပြီး ငွေကြေးအကုန် အကျသက်သာကာ မိမိတို့၏ဆောင်းသီးနှံများအချိန်တိုအတွင်း စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ပေါက်မြို့နယ် မုန်ကုန်းကျေးရွာနေ စိုက်ပျိုး ရေးတောင်သူ ဦဂဌေးတင်က ပြောသည်။

 “ကျွန်တော်တို့ ပေါက်မြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ ​ယောချောင်း၊ ကျောချောင်းရေကို အကျိုးရှိစွာအ သုံးချပြီး ဆောင်းသီးနှံမျိုးစုံကို စီးပွားဖြစ်စိုက် ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့ ဆောင်းသီးနှံ တွေကတော့ ဗူး၊ ဖရုံ၊ ခရမ်းချို၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဖူးစားပြောင်း၊ ကြက်ဟင်းခါး၊ မုံလာဥဖြူ၊ ပန်းမုံလာ၊ နံနံပင်၊ ပဲမျိုးစုံ၊ ချဉ်ပေါင်၊ ကန်စွန်း စတဲ့ သီးနှံတွေနဲ့ ဘုရားပန်းမျိုးစုံကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေး လုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့  ဒေသခံတောင်သူတွေက  အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ယခုအချိန်တွင် ဒေသခံတောင်သူတွေဟာ ​မိုးစပါးရိတ်သိမ်း​ပြီး ဆောင်းသီးနှံမျိုးစုံ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက်ခေတ်မီလယ် ထွန်စက်ကြီးများနဲ့ နေ့ရောညပါဆက်တိုက် လုပ်ကိုင်ဆောင်ရွက် နေကြပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဉာဏ်တိုး​(ပေါက်)