လေရှီး ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် (A) အဆင့် သတ်မှတ်ခြင်းခံရထားရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဦး ဝင်းနိုင်မြင့် ဦးဆောင်၍ ကျန်းမာရေး၊ စည်ပင်၊ရဲ ၊ မီးသတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရှောင်တခင်ဝင် ရောက်စစ် ဆေးခဲ့သည်။
ထိုသို့ ဝင်ရောက်စစ်ဆေးရာတွင် ဆိုင်တွင်းသို့ လာရောက်စားသုံးသူများအတွက် နေရာ ထိုင်ခင်းတစ်ခုံနှင့် တစ်ခုံ ၆ ပေအကွာခင်းကျင်းထားမှုရှိ/မရှိ၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ ရောင်းချမှုရှိ/ရှိနှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားစည်းကမ်းချက်များ လိုက်နာမှုရှိ/မရှိတို့ကို စစ်ဆေးပြီး ဆိုင်တွင်း သို့ လာရောက်စားသုံးသူများအား နှာခေါင်းစည်း (Mask) ကို တပ်ဆင်စေပြီး ဆိုင်တွင်းမဝင်ခင် လက်သန့်ဆေး ဆပ်ပြာရည်နှင့် သန့်စင်အောင် ဆေးကြောပြီးမှ ဆိုင်တွင်းသို့ ဝင်ရောက် စေရန်နှင့် ကျန်းမာရေးအထူးသတိပြု ဆောင်ရွက်ကြရန် ဆက်လက်လမ်းညွန်မှာကြားခဲ့ ကြောင်း သိရှိရပါသည်။
ဆိုင်းသား( ပြန်/ဆက်)